Nat-Test စာမေးပွဲ အကြောင်း
Nat-Test စာမေးပွဲဆိုတာ ဘာလဲ?
Nat-Test စာမေးပွဲဆိုတာ JLPT စာမေးပွဲနဲ့ မေးခွန်းပုံစံတူ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။ Nat-Test စာမေးပွဲမှာ ဖြေဆိုလို့ ရတဲ့ Levelများ - N1, N2, N3, N4, N5
JLPT စာမေးပွဲပြီးလျှင် ဒုတိယ အများဆုံး ဖြေဆိုတဲ့ စာမေးပွဲလည်း ဖြစ်ပါတယ်။
ဘာကြောင့် Nat-Test ကိုဖြေသင့်တာလဲ?
Nat-Test စာမေးပွဲက တစ်နှစ်ကို 6ကြိမ် (2လ တစ်ကြိမ်) ကျင်းပပါတယ်။ (Feb, Apr, Jun, Aug, Oct, Dec) အဆိုပါ လတွေမှာ စာမေးပွဲ ကျင်းပ ပါတယ်။
စာမေးပွဲ results ကလည်း စာဖြေပြီး ၁ပတ် ကနေ သုံးကတ်အတွင်း ထွက်ပါတယ်။ ခုနောက်ပိုင်း (ဥပမာ တနင်္ဂနွေနေ့မှာ စာဖြေရင် သောကြာနေ့လောက်ဆို) results ထွက်ပေးပါတယ်။
အောင်လက်မှတ် အတွက် results ထွက်ပြီး 3ပတ်အကြာမှာ ထုတ်ပေးလေ့ရှိပါတယ်။ ရမှတ်စစ်တဲ့ ပုံစံကလည်း JLPT စံနှုန်း အတိုင်း ဖြစ်တာကြောင့် level test စစ်ချင်သူတွေနဲ့ ကျောင်းလျှောက်ထားမှု အတွက်လည်း တကယ်အသုံးဝင်တဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။
Nat-Test စာမေးပွဲ အောင်မှတ်များ -
N1 = 100
N2 = 90
N3 = 95
N4 = 90
N5 = 80
Nat-Test စာမေးပွဲဟာ JLPT စာမေးပွဲလိုပဲ အပိုင်း သုံးပိုင်း ခွဲဖြေရသည်။
- တစ်ပိုင်းချင်းစီရဲ့ အောင်မှတ် = 19မှတ်
(အပိုင်း နှစ်ပိုင်းမှာ အမှတ်များနေပေမဲ့ အပိုင်းတစ်ပိုင်းမှာ 18မှတ် ရပြီဆိုရင် ကျပါတယ်)
သို့ပါသောကြောင့် သုံးပိုင်းလုံး တစ်ပိုင်းလျှင် 19မှတ် ရမှ ဖြစ်ပါမည်။
Nat-Test ကို မြန်မာနိုင်ငံမှာလည်း ကျင်းပပါတယ်။ ရန်ကုန်စာဖြေဌာန နဲ့ မန္တလေးစာဖြေဌာန ဆိုပြီး နှစ်နေရာခွဲဖြေလို့ ရပါတယ်။
စာမေးပွဲ အတွက် ဆောင်ရန်/ရှောင်ရန်များ
- ဆောင်ရန်များ -
Mandalay မှာ စာဖြေမည့် သူများအတွက်- မှတ်ပုံတင် မူရင်း
- ဖြေဆိုခွင့် စာရွက်
- ခဲတံ 2B
- ခဲဖျက်
Yangon မှာ စာဖြေမည့် သူများအတွက်
- မှတ်ပုံတင် မူရင်း
- ခဲတံ 2B
- ခဲဖျက်
- ဘောပင် မင် အနက်
စတာတွေ စာဖြေမည့် နေရာသို့ မဖြစ်မနေ ယူဆောင်သွားရပါမည် ခင်ဗျာ။
- ရှောင်ရန်များ -
- ဘောင်းဘီတို / စကပ်တိုများ မဝတ်ရ
စာမေးပွဲ ဖြေဆိုချိန်များ
- N3, N5 မနက် 8:00နာရီ ကျောင်းအရောက်
- N1, N2, N4 နေ့လယ် 12:00နာရီ ကျောင်းအရောက်
